ပြည်မြို့၌ ဓနသိဒ္ဓိသာသနာပြု မင်္ဂလာရှမ်းအိုးစည်အဖွဲ့
(ကုသိုလ်ဖြစ်)အခမဲ့ ဖိတ်ကြားနိုင်
ပြည့်သဲမောင်(ပြည်)
ပြည်ခရိုင်၊ ပြည်မြို့၊ န၀ဒေးလမ်း၊ စကားတောင်ရပ်၊ ဆံတော် နယ်မြေတွင်
ဓနသိဒ္ဓိသာသနာပြုအဘရဲမင်းခေါင်(ပုပ္ပါး)၏ သား တပည့်များဖြစ်သော စကားတောင်ရပ်ကွက်မှ
လူငယ်များ စုပေါင်း အားဖြင့် ဓနသိဒ္ဓိသာသနာပြုရွှေထီးတော်တင်နှင့်
ဗုဒ္ဓရောင်တော် ဖွင့် မင်္ဂလာရှမ်းအိုးစည်အဖွဲ့ကို စတင်ဖွဲ့စည်းသည်မှ
ယနေ့တိုင် (၂)နှစ်တာကာလထဲသို့ ရောက်ရှိခဲ့ပါပြီ။
“ကျွန်တော်တို့အဖွဲ့သည် ပြည်ခရိုင်အတွင်း ဘုရားထီးတင် ခြင်း၊
ဗုဒ္ဓရောင်တော်ဖွင့်ခြင်း၊ ဘုရားအနေကဇာတင်ခြင်း၊ ရှင်ပြု
အလှူမင်္ဂလာပွဲများကို အခကြေးငွေမယူဘဲ အလှူရှင်များအား အလှူ
ပါရမီဖြည့်ပေးနေသော အဖွဲ့ဖြစ်ပါတယ်” ဟု အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ကိုအေးမင်းထွန်းက
ပြောပါသည်။
ထိုအဖွဲ့ကို ခေါ်ယူချင်တယ်ဆိုရင် အလှူရှင်များက သွားရေး
လာရေးစီစဉ်ပေးရန်သာလိုအပ်ကြောင်းနှင့်အလှူရှင်များဖိတ်ကြားလိုပါက
ပြည်မြို့၊ န၀ဒေးလမ်း၊ စကားတောင်ရပ်၊ ဆံတော် နယ်မြေရှိ
အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး အလှူရက်နှင့် (၅)ရက် ကြိုတင်၍
အကြောင်းကြားနိုင်ကြောင်းသိရသည်။
(၁) ကိုအေးမင်းထွန်း (ဥက္ကဋ္ဌ) ၀၉ ၄၃၀၀၆၅၀၇
(၂) ကိုချစ် (ဒု-ဥက္ကဋ္ဌ) ၀၉ ၄၂၃၆၅၇၅၅၁
(၃) ကိုမျိုးရန်ပိုင်ဝင်း (အတွင်းရေးမှူး) ၀၉ ၄၂၃၆၇၁၈၈၃
(၄) ကိုကျော်ဝင်းခိုင် (အဖွဲ့ဝင်) ၀၉ ၄၀၁၆၁၆၃၂၃
Subscribe to:
Post Comments (Atom)
0 အားရှိစေသော စကားသံများ:
Post a Comment